ခရီးသွားလုပ်ငန်းများအပေါ် စည်ပင်ခွန်ကောက်ခံသည့်ကိစ္စ အေဂျင်စီများလက်မခံ
DVB
·
June 7, 2018
ခရီးသွားလာရေးလုပ်ငန်းတွေကို စည်ပင်ခွန်ကောက်ခံတဲ့အပေါ် ခရီးသွား အေဂျင်စီတွေအနေနဲ့ လက်မခံနိုင်တဲ့အတွက် ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနကို စာပို့ထားပါတယ်။
တရားဝင်လုပ်ငန်းလိုင်စင်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ အေဂျင်စီတွေအနေနဲ့ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ အခွန်အခကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကို ပေးဆောင်နေရတာဖြစ်ပါတယ်။
အခုလို စည်ပင်ခွန်ပါထပ်ဆောင်ရမယ် ဆိုတာ လက်မခံနိုင်သလို ဖြစ်လဲမဖြစ်သင့်ဘူးလို့ Tour De Myanmar Travels & Tours အေဂျင်စီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်လှဒါလီခင်ကပြောပါတယ်။
ခရီးသွားကဏ္ဍမှာ မူဝါဒ လုပ်ထုံးလုပ်နည်း အပြောင်းအလဲ မကြာခဏဆိုသလို ပြောင်းလဲနေတဲ့အပြင် အခွန်နှုန်းထားတိုးမြှင့်လိုက်ပါက လုပ်ငန်းငယ်တွေအတွက် အခက်အခဲတွေအများကြီးရှိနိုင်တယ်လို့ Nature Dream Travel & Tours ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပါယ်အောင်က ပြောပါတယ်။
စည်ပင်က အခွန်ကောက်တဲ့ကိစ္စကို ခရီးသွား အေဂျင်စီတွေက လက်မခံနိုင်လို့ စာပေးပို့ထားတဲ့အတွက် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနက စည်ပင်နဲ့ ညှိနှိုင်းဆဲဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ မေ ၂၈ ရက်နေ့က ခရီးသွားလုပ်ငန်းဆိုင်ရာ အခွန်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အဲဒီမှာ ခရီးသွား လာမှု လုပ်ငန်းတွေကို စည်ပင်ခွန်ကောက်ခံသွားဖို့ စီစဉ်နေတဲ့ အကြောင်းအရာကို ဆွေးနွေးခဲ့ပါ တယ်။