Home
မြန်မာသတင်း
အမျိုးသားစာပေဆုရွေးချယ်ရာတွင်  ပြန်ကြားရေးဝန်ကြီး၏ သြဇာလွှမ်းမိုးမှု မရှိဟုဆို
အာကာ
·
June 7, 2018
အမျိုးသားစာပေဆုရွေးချယ်ရေးမှာ ပြန်ကြားရေးဝန်ကြီးရဲ့ သြဇာလွှမ်းမိုးမှု မရှိဘဲ လွတ်လပ်တဲ့ ပညာရှင်အဖွဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ အမျိုးသား စာပေဆုစိစစ် ရွေးချယ်ရေး ကော်မတီဝင်တွေက ပြောဆိုလိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဝင် နှစ်ဦး နုတ်ထွက် သွားတာနဲ့ ပတ်သက်ပြီး  ရန်ကုန်မြို့ ၊ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနရုံးမှာ ဇွန် ၇ ရက်က ပြုလုပ်တဲ့ ၂၀၁၇ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး မူဝါဒ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ၂၀၁၇ အတွက် အမျိုးသားစာပေဆု၊  ကဗျာဆု ရွေးချယ်ရေးမှာ ၁ဆုပေးဖို့၊၂ဆုပေးဖို့ သဘောထားကွဲလွဲခဲ့ကြပြီး မဲစနစ်နဲ့ ဆုံးဖြတ်ရာမှာ ကော်မတီဝင် ၆၅ ဦးထဲက ၁ဆုအတွက် မဲပေးသူ ၄၀၊ ၂ ဆုအတွက် ၂၃ ဦး မဲပေးခဲ့ကာ ပယ်မဲ ၂ မဲ ရှိခဲ့တဲ့အတွက် ၁ဆုပဲပေးဖို့ ဆုံးဖြတ်တဲ့အပေါ် ကျေနပ်မှု မရှိတာကြောင့်  ကော်မတီဝင် ၂ဦး နုတ်ထွက်ခဲ့တာပါ။ လက်ရှိ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို ၂၀၁၆ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ပြီး အဖွဲ့ဝင် ၇၇ ဦး ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးအရ ၁၂ ဦး နုတ်ထွက်ခဲ့ပြီး ၆၅ ဦးနဲ့ ဆက်လက် လုပ်ဆောင်နေကာ ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု (၃) ဆု၊ အမျိုးသားစာပေဆု (၁ဝ) ဆုနဲ့ စာပေဗိမာန်စာမူဆု (၂၆)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024