Home
မြန်မာသတင်း
ရှေ့တန်းပြန်တပ်မတော်သားများကို မုံရွာမြို့တွင်ကြိုဆို (သတင်းဓာတ်ပုံ)
DVB
·
June 7, 2018
  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ  အမှတ် ၁၆ ခြေမြန်တပ်ရင်း ရှေ့မှာ ရှေ့တန်းပြန်တပ်မတော်သားတွေကို  ကြိုဆိုဂုဏ်ပြုပွဲ ဒီကနေ့ မနက်ကပြုလုပ်ခဲ့ပါတယ်။ ကြိုဆိုပွဲမှာ ရှေ့တန်းပြန်တပ်မတော်သားမိသားစုဝင်တွေ၊ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူတွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျောင်းသားကျောင်းသူတွေက ပန်းကုန်းစွပ် အောင်သပြေကမ်းကာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတာဝန်ရှိသူတွေအပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်သန့်နိုင်နဲ့ တိုင်းရဲတပ်ဖွဲ့၊ တိုင်းမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024