အဆိုတော် ဘီယွန်းဆေးနှင့် ဂျေဇီးတို့ ဇနီးမောင်နှံ ကမ္ဘာလှည့် ဖျော်ဖြေပွဲ စတင်

အဆိုတော် ဘီယွန်းဆေးနဲ့  သူ့ခင်ပွန်း အဆိုတော် ဂျေဇီးတို့ဟာ On The Run II လို့ နာမည်ပေးထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဝေလနယ်၊ ကာဒစ်မြို့က ပရင်စီပယ်လတီ အားကစားရုံမှာ ဇွန်လ ၆ ရက်နေ့က စတင်လိုက်ပါတယ်။ ဒီဖျော်ဖြေပွဲဟာ ၂၀၁၄ ခုနှစ်က လုပ်ခဲ့တဲ့ On The Run ပွဲရဲ့အဆက်ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲဟာ မေတ္တာတရား၊ မိသားစုဘ၀နဲ့ ယဉ်ကျေးမှုကို ပြသတာဖြစ်ပြီး ကားကစားရုံထဲက ထိုင်ခုံ ၇၀၀ ရှိတဲ့ Carter ကလပ်မှာ ပြုလုပ်မယ်လို့ ဘီယွန့်စ်ရဲ့ကုမ္ပဏီက အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဖျော်ဖြေပွဲမှာ အကသမား ၁၇ ဦး၊ လူ ၂၆ ဦးပါ သံစုံတီးဝိုင်းတို့ ပါဝင်ပါတယ်။ ဘီယွန်းဆေးနဲ့ ဂျေဇီးတို့ရဲ့မြောက်အမေရိကဖျော်ဖြေပွဲကတော့ ဇွန် ၂၅ ရက်မှာ အိုဟိုင်းယိုးပြည်နယ်၊ ကလက်ဗ်လန့်မှာ စတင်မှာဖြစ်ပြီး အောက်တိုဘာ ၂ ရက်မှာ ကနေဒါနိုင်ငံ၊  British Columbia ပြည်နယ်က ဗန်ကူးဗားမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up