Home
မြန်မာသတင်း
မြန်မာတွင်ဥရောပကုမ္ပဏီ ၃၀၀ကျော် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံထား
DVB
·
June 7, 2018
  မြန်မာနိုင်ငံမှာ ဖွဲ့စည်းထူထောင်လည်ပတ်နေတဲ့ ဥရောပသမဂ္ဂ (အီးယူ) ကုမ္ပဏီ ပေါင်း ၃ဝဝ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေ က ပြောပါတယ်။ ဇွန် ၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မြန်မာ-အီးယူ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့ရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးဟာ ၂၀၁၈ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့် ရှိပါတယ်၊ မြန်မာ နိုင်ငံရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု စုစုပေါင်းတန်ဖိုးရဲ့ ၈ ဒသမ ၆၈ ရာခိုင်နှုန်း ခန့်ရှိပါ တယ်၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနဲ့အညီ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထူထောင် လည်ပတ်နေတဲ့ ဥရောပသမဂ္ဂ ကုမ္ပဏီ စုစုပေါင်း ၃ဝဝ ကျော် ရှိပါတယ်။”လိ့ဒုသမ္မတကပြောပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ကြဖို့လည်း ဒုတိယသမ္မတက တိုက်တွန်းသွားပါတယ်။ မြန်မာ-အီးယူ စီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေအကြား ရင်းနှီး မြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးအခန်းကဏ္ဍ၊ လူမှုရေးရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကုန်စည်ပို့ဆောင်ရေးကဏ္ဍ၊ တရားမ၀င်ကုန်သွယ်မှု ဆန့်ကျင်ရေး ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ စိုက်ပျိုးစီးပွားကဏ္ဍ စတဲ့ ကဏ္ဍ ၁၂ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024