မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြင်ဆင်ဖွဲ့စည်း
DVB
·
June 6, 2018
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်းကို ဥက္ကဋ္ဌ အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ကော်မရှင်က ကြေညာပါတယ်။
မနေ့က ရက်စွဲနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ ဒီ ဥက္ကဋ္ဌနေရာကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။