ဆက်သွယ်ရေးဥပဒေနှင့် တရာရုံးတင် တရားစွဲဆိုသည့် အမှု ၁၂၈ မှုအထိရှိ
DVB
·
June 6, 2018
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့- အသံရဲ့ ဇွန်လ ၅ ရက်နေ့အထိ မှတ်တမ်းတွေအရ ဆက်သွယ်ရေးဥပဒေနဲ့ တရာရုံးတင် တရားစွဲဆိုတဲ့ အမှု ၁၂၈ မှုအထိ ရှိလာပြီ ဖြစ်ပါတယ်။
လက်ရှိအစိုးရလက်ထက် ဥပဒေ မပြင်ဆင်ရသေးခင် အချိန်မှာ တရားစွဲခံရတဲ့အမှု ၉၀ ရှိပြီး ဥပဒေပြင်ပြီးချိန်မှာ ၂၇ မှု ရှိပါတယ်။
ဒီအမှုတွေထဲမှာ တပ်မတော်က စွဲတာ ၇ မှု၊ အန်အယ်လ်ဒီပါတီက စွဲဆိုတာ ၇ မှု၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ကြားလူတွေက စွဲတာ ၁၀ မှု ရှိပါတယ်။
ဒီထဲမှာ သတင်းသမားတွေကို စွဲဆိုထားခဲ့တာ ၁၆ မှုရှိပြီး သတင်းသမား ၂၄ ယောက် တရားရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဒီဥပဒေနဲ့ တရားစွဲခဲ့တာ ၁၁ မှုပဲ ရှိခဲ့ပါတယ်။