Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးတိုးအောင်ကိုခန့်အပ်
DVB
·
June 6, 2018
  ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးတိုးအောင်ကို ခန့်အပ်တာဝန်ပေး လိုက်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ UEHRD ကော်မတီကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၇ ရက်ကတည်းက သမ္မတရုံး အမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ထွန်းသက်က ညှိနှိုင်းရေးမှူးချုပ်နဲ့ ဦးကျော်မြိုင်က သတင်းနဲ့ဆက်သွယ်ရေး ဒါရိုက်တာ အဖြစ် ကော်မတီဝင် ၄ ဦးနဲ့ ဖွဲ့စည်း ထားပါတယ်။ ကော်မတီအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့် ကဏ္ဍစုံ လုပ်ငန်းစဉ်တွေမှာ အစိုးရ၊ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အန်ဂျီအို အိုင်အန်ဂျီအိုတွေ၊ မိတ်ဘက်နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး ကော်မတီကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024