တမူးမြို့အနီးမြေငလျင်လှုပ်
DVB
·
June 6, 2018
မြန်မာပြည်တွင်း တမူးမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ လောက်အကွာမှာ ဒီကနေ့မနက်က အင်အား ရစ်ခ်ျတာစကေး ၄.၈ အဆင့်ရှိ အင်းအားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှား သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဇွန်လ ၆ရက် မြန်မာစံတော်ချိန် မနက် ၅နာရီ ၄၂မိနစ် ၃၁စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းက အရှေ့တောင်ဘက် မိုင်၂၀ လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
ငလျင်နဲ့ ပတ်သက်တဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။