ထရမ့်၏ သံမဏိသွင်းကုန် အခွန်တိုးမြှင့်မှုအပေါ် ကနေဒါ အပြစ်တင်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကနေဒါ သံမဏိသွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်လိုက်တာဟာ စော်ကားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ “အမေရိကန်သမ္မတ ရှေ့ဆက်တိုးလုပ်လိုက်တဲ့ ဒီသွင်းကုန်ခွန် တိုးမြှင့်လိုက်တဲ့ကိစ္စဟာ ကနေဒါ အလုပ်အကိုင်တွေကိုသာ ထိခိုက်တာမဟုတ်ပါဘူး။ အမေရိကန် အလုပ်အကိုင်တွေကိုလည်း ထိခိုက်စေပါတယ်။ ဒီလို နှစ်နိုင်ငံစလုံး အလုပ်ထိခိုက်တဲ့ ကိစ္စမျိုးကို ကနေဒါအနေနဲ့ မမြင်တွေ့လိုပါဘူး။ အမေရိကန်သမ္မတနဲ့ သူ့အစိုးရအဖွဲ့က ကနေဒါနိုင်ငံနဲ့ ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံ ကုန်စည်တွေဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်တယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ "ကျနော် ပထမဆုံးပြောလိုတာက နှစ်နိုင်ငံစစ်သည်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဖြစ်နေကြတဲ့ ကမ်းခြေပေါ်မှာ အတူတကွ အသက်စွန့်ခဲ့ကြတာ၊ အာဖဂန်နစ္စတန်က တောင်ကုန်းတွေပေါ်မှာ အတူကျဆုံးခဲ့ကြတာ၊ ကမ္ဘာကြီးရဲ့ အခက်ခဲ အကြမ်းတမ်းဆုံး နေရာတွေမှာ နှစ်နိုင်ငံတပ်ဖွဲ့တွေ ရင်ဘောင်တန်းပြီး ရင်ဆိုင်ခဲ့ကြတယ်ဆိုတာက တနိုင်ငံအတွက် တနိုင်ငံက အမြဲတမ်း အတူရှိပေးနေတယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံခဲ့တာပါ။ အခု အမေရိကန်ရဲ့လုပ်ရပ်က အဲဒီစွန့်လွှတ်မှုတွေကို စော်ကားလိုက်တာပဲဖြစ်ပါတယ်” လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒေါက ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up