Home
မြန်မာသတင်း
လွိုင်ကော်တွင် ယမ်းချောင်း ၅၀၀၀ ခန့်နှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိ
DVB
·
June 4, 2018
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ယမ်းချောင်း ၄,၈၀၀ ချောင်းနဲ့ စနစ်တံကြိုးတွဲလျက် ဒီတိုနေတာ အချောင်း ၄,၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၃ ရက်နေ့ မနက် ၁၂ နာရီလောက်က လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံကို ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်တဲ့အဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။ ဒေါ်မြမြစိမ်း(ခ)အားတုံ ငှားရမ်းထားတဲ့ သိုလှောင်ရုံအခန်းအမှတ် (၉/၁၀) အတွင်းမှာ စက္ကူဖာနဲ့ ထည့်ထားတဲ့ အရှည် ၉ လက်မ၊ လုံးပတ် ၃ လက်မခန့်ရှိ ယမ်းချောင်း ၄,၈၀၀ ချောင်း၊ အရှည် ၁၂ ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနဲ့ တွဲလျက် အရှည် ၂ လက်မခန့်ရှိ အနက်ရောင် ဒီတိုနေတာ ၄,၀၀၀ ချောင်းတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမိသူ ဒေါ်မြမြစိမ်း(ခ)အားတုံကို လွိုင်ကော်မြို့မရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024