မန်စီးတီးအသင်း ဂျော်ဂျင်ဟိုကို ကမ်းလှမ်းချက် နာပိုလီအသင်း ပယ်ချ

ကွင်းလယ်ကစာသမား ဂျော်ဂျင်ဟိုကို မန်စီးတီအသင်းကခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ နာပိုလီအသင်းဥက္ကဋ္ဌက အတည်ပြပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဂျော်ဂျင်ဟိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ကနဦးပေါင် ၃၉ သန်းပေးချေမှာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းအပေါ် မူတည်ပြီး နောက်ထပ် ၅ သန်းပေးမယ်လို့ မက်လုံးပေးပြီး ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် အသင်းရဲ့ အဓိကကစာသမားဖြစ်တာကြောင့် ရောင်းချဖို့ အစီအစဉ် မရှိတဲ့အတွက် ငြင်းဆန်ပယ်ချခဲ့တယ်လို့ နာပိုလီအသင်းဥက္ကဋ္ဌလော့ရင့်က ပြောပါတယ်။ အသက် ၂၆ နှစ်ရှိ အီတလီကစားသမား ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့နှစ်က နာပိုလီအသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး စုစုပေါင်း ၃၉ ပွဲမှာ ၄ ဂိုးသွင်းခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ်အတွက် ပထမဆုံးခေါ်ယူမယ့် ကစာသမားအဖြစ်  ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားကြိုးပမ်းနေတာဖြစ်ပြီး နာပိုလီအသင်းဘက်က ငြင်းဆန်ထားလို့ ထပ်မံဆွေးနွေးရဖို့ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up