Home
မြန်မာသတင်း
ကော့သောင်း တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို Mobile စနစ်ဖြင့် ထုတ်ပေးမည်
DVB
·
June 3, 2018
  ကော့သောင်းခရိုင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသူတွေရဲ့ အမှတ်စာရင်းကို ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးကနေ Mobile စနစ်နဲ့ ထုတ်ပေးမယ်လို့ ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။ ၂၁၀၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကော့သောင်းခရိုင်အတွင်းရှိ ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ် စာစစ်ဌာနတွေကနေ အောင်မြင်ခဲ့သူတွေရဲ့ အမှတ် စာရင်းကို ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးကနေ Mobile စနစ်နဲ့ ထုတ်ပေးသွားမှဖြစ်ပါတယ်။ ၂၁၀၇-၂၀၁၈ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်း မြို့နယ်ကနေ အောင်မြင်သူ ၆၂၈ ဦးရှိခဲ့ပြီး အောင်မြင်သူ ကျောင်းသားကျောင်းသူတွေရဲ့ အမှတ်စာရင်းကို ဇွန်လ ၁၆ ရက်နေ့မှာ ဘုတ်ပြင်းမြို့နယ်ပညာရေးမှူးရုံးနဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးတွေမှာ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း မြန်မာနိုင်ငံစာစစ်ဌာန တာဝန်ရှိသူတွေက Mobile စနစ်နဲ့ လာရောက်ထုတ်ပေးသွားမယ်လို့ ကော့သောင်းမြို့နယ် ပညာရေးမှူးဦးမျိုးလွင်က ပြောပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024