Live
Home
မြန်မာသတင်း
မဟတ္တမဂန္ဒီခန်းမ အဆောက်အဦကို  မြို့ပြအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်
ပိုင်စိုး
·
June 3, 2018
  မဟတ္တမဂန္ဒီခန်းမရှိတဲ့ အဆောက်အဦကို ရှေးဟောင်းလက်ရာ အဆောက်အဦအဖြစ် သတ်မှတ်လိုက်လို့ ပုံစံပြောင်းလဲပြင်ဆင်တာ ခွင့်မပြုဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာပါတယ်။ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာ ရှိတဲ့ မဟတ္တမဂန္ဒီခန်းမအဆောက်အဦကို မြို့ပြအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တာပါ။ ဒါကြောင့် အဲဒီအဆောက်အဦကို ပုံစံပြောင်းလဲ ပြင်ဆင်တာ၊ အသစ်ပြောင်းလဲ ဆောက်လုပ်တာတွေ ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ခိုင်ခံ့မှုမရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင်လည်း အဆောက်အဦရဲ့ ပြင်ပအစိတ်အပိုင်းတွေကို မူလပုံစံမပျက်စေဘဲ ပြင်ဆင်ခွင့်ပြုမှာဖြစ်ပြီး အတွင်းပိုင်းကိုတော့ ခိုင်ခံ့ဖို့အတွက် အားဖြည့်မွမ်းမံတာကို ခွင့်ပြုမယ်လို့ ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအနိုင်ရခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက ငြင်းဆန်နေချိန်မှာ ကိုယ်စားလှယ်တွေဟာ ဒီခန်းမမှာ ဂန္ဒီကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ ခန်းမကို ဟိန္ဒူအဖွဲ့ဂေါပက က ထိန်းသိမ်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024