Home
မြန်မာသတင်း
ပလတ်စတစ်ညစ်ညမ်းမှုကို အသိပေးလှုံ့ဆော်သည့် အခမ်းအနားကျင်းပ (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
June 2, 2018
ဇွန် ၂ ရက်နေ့ဟာ  ပလတ်စတစ်ညစ်ညမ်းမှုကို ဆန့်ကျင်သောနေ့ဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အသိပေးလှုံ့ဆော်တဲ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ‘ညစ်ညမ်းမှုလှိုင်း’ လို့ အမည်ရတဲ့ ဒွန်ရိုက်ရဲ့ပလတ်စတစ်ဘူးတွေနဲ့ ပလတ်စတစ် အိတ်တွေကိုသာ အသုံးပြုတဲ့ အနုပညာတင်ဆက်ပြသမူကို ဂျန်းရှင်းစီးတီးမှာ ဇွန် ၂ ရက်နေ့လယ်ပိုင်းက ပြသခဲ့တာပါ။ ဒီအစီအစဉ်ကို ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံအခြေစိုက် ဥရောပ ကိုယ်စားလှယ်တွေ၊ ပြင်သစ်သံရုံး၊ ရွှေတောင်အဖွဲ့၊ Trash Hero Myanmar အဖွဲ့တွေက ဆောင်ရွက်ခဲ့တာပါ။ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပြီး ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ ပလတ်စတစ်ညစ်ညမ်းမှုအား ဆန့်ကျင်တိုက်ထုတ်ပါ (Beat Plastic Pollution) လို့ အမည်ရပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ မတိုင်မီ လူပ်ရှားမှုတွေအဖြစ် အမိုက်ကောက်လှုပ်ရှားမူကို ဇွန် ၂ ရက်နေ့ ညနေပိုင်းကလည်း ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ဆောင်ရွက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024