Home
မြန်မာသတင်း
စည်းကမ်းချိုးဖောက်ယာဉ်များမှ ဒဏ်ငွေ တနှစ်အတွင်း ကျပ်သိန်း ၂ သောင်းကျော်ရ
DVB
·
June 2, 2018
ပြီးခဲ့တဲ့နှစ်က ယာဉ်လမ်းစည်းကမ်း ချိုးဖောက်လို့ ကားတွေကို ဒဏ်ငွေတပ်တာကနေ ကျပ်သိန်းပေါင်း ၂ သောင်းကျော်ရခဲ့တယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ မနေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ  ဗဟန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ရန်ကုန်တိုင်းထဲက မော်တော်ယာဉ်မောင်းနှင်သေူတွအနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ချိုးဖောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရာမှာ အဂတိလိုက်စားလို့ ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနေတာကို ကြပ်မတ်ပေးဖို့ မေးမြန်းခဲ့တာပါ။ ဝန်ကြီးဒေါ်နီလာကျော်က အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးလက်အောက် တပ်ဖွဲ့တွေက ရန်ကုန်တိုင်းအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်တဲ့ မော်တော်ယာဉ်တွေကို အရေးယူရာမှာ မော်တော်ယာဉ်ဖမ်းဆီးမှု ပုံစံ ၁၈ နဲ့ ချလံဖြတ်ပြီး မော်တော်ယာဉ်တရားစွဲတင်မှုပုံစံ ၁၉ နဲ့ မော်တော်ယာဉ်တရားရုံးတွေကို တရားစွဲတင်ပို့တယ်လို့ ပြောပါတယ်။ တရားသူကြီးက မော်တော်ယာဉ် ဥပဒေအရ သတ်မှတ်ဒဏ်ငွေတွေကို တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ဒဏ်ငွေတပ်ရိုက်ပြီး ဘဏ္ဍာငွေတွေကို မော်တော်ယာဉ်တရားရုံးက နိုင်ငံတော်ကို ပေးသွင်းနေတယ်လို့လည်း ပြောပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းချိုးဖောက်လို့ အရေးယူခဲ့တဲ့ အမှုပေါင်း ၁၁၃,၃၉၈ ကို မော်တော်ယာဉ်တရားရုံးကို တရားစွဲတင်ပို့ခဲ့ပြီး စုစုပေါင်းဒဏ်ငွေ ကျပ် သိန်းပေါင်း ၂၀,၁၃၄  ကျော် ရခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဧပြီလအထိ စည်းကမ်းချိုးဖောက်လို့ အရေးယူခဲ့တဲ့ အမှုပေါင်း ၃၀,၃၉၈ ကနေ စုစုပေါင်းဒဏ်ငွေ ကျပ်သိန်း ၅၄၆ ၆ ကျော် ရခဲ့တယ်လို့လည်း ပြောပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တဦးတယောက်ဆီက အဂတိလိုက်စားတဲ့နည်းနဲ့ ဖြစ်ဖြစ်၊ ငွေကြေးကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ တောင်းယူရင်၊ လက်ခံရင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ၁၇ (ဇ) နဲ့ အရေးယူ ဆောင်ရွက်နေသလို အဲဒီလို မဖြစ်အောင်လည်း အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024