မာရာပီမီးတောင် ပေါက်ကွဲ၊ လေကြောင်း သတိပေးချက် တိုးမြှင့်

809
အင်ဒိုနီးရှားနိုင်ငံ ၈ျာဗားကျွန်းအလယ်ပိုင်းရှိ မာရာပီမီးတောင် ပေါက်ကွဲမှုကြောင့် ဇွန်လ ၁ ရက်နေ့က လေကြောင်းသွားလာမှု သတိပေးချက်ကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ပါတယ်။
မာရပီမီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၂၀ က ပေါက်ကွဲခဲ့ပြီး ပြာမှုန်တွေကို အမြင့်ပေ ၆,၀၀၀ အထိ မှုတ်ထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှားမြေငလျင်တိုင်းတာရေးအဖွဲ့က ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် သစ်တောအတွင်း မီးလောင်ကျွမ်းနေပုံတွေကိုလည်း ဘူမိဆိုင်ရာ ဘေးအန္တရာယ်လျှော့ချရေး နည်းပညာအေဂျင်စီက တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
မီးတောင်အတွင်းက ထွက်လာတဲ့ လောင်ကျွမ်းပစ္စည်းကြောင့် တောမီးလောင်ရတာလို့လည်း အဆိုပါအေဂျင်စီက ပြောပါတယ်။
ဒါပေမယ့်လည်း အာဏာပိုင်တွေက ဘေးလွတ်ရာပြောင်းရွှေ့မိန့်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ မာရာပီ မီးတောင်ဟာ ၂၀၁၀ ခုနှစ်က ဆက်တိုက်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။