သက်ဆင်နှင့် ယင်လတ်တို့မောင်နှမ ဝါရှင်တန်တွင် ရိုက်ထားသည့် ဓာတ်ပုံများ ထွက်ပေါ်

ဓာတ်ပုံ - ingshin21 Instagram
ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ယင်လတ်ရှင်နာဝပ်တို့ မောင်နှမနှစ်ဦး အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီမှာ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဝါရှင်တန်ဒီစီရှိ ခရီးသွားတွေ အဓိကသွားလာရာ နေရာတခုမှာ ရိုက်ထားတဲ့ ဒီပုံတွေကို ထိုင်းနိုင်ငံ သတင်းဌာန တော်တော်များများက ထုတ်ပြန်ခဲ့ပြီး သူတို့မောင်နှမ ဇွန်လမှာ ဥရောပကို ပြန်မလာခင် အမေရိကန်နိုင်ငံမှာ နေနေတယ်လို့ မေလ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ဓာတ်ပုံတွေထဲမှာ ရှင်နာဝပ်မောင်နှမက လင်ကွန်းအမှတ်တရရုပ်တုနားမှာ ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပေမယ့် ဘယ်အချိန်တုန်းက ရိုက်ခဲ့တယ် ဆိုတာတော့ မသိဘူးလို့ ဆိုပါတယ်။ ဒီဓာတ်ပုံကို ဘယ်အချိန်က ရိုက်ခဲ့တယ် ဆိုတာကို ရဲတွေက သတ်မှတ်ဖို့ စုံစမ်းနေတယ်လို့လည်း ဒုရဲချုပ် ဆရီဗာရာရန်ဆီဘရာမာနာကူးက ပြောပါတယ်။ သူတို့မောင်နှမ ၂ ယောက်က စင်ကာပူ၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေကိုလည်း မကြာသေးခင်က လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် မေလ စစ်အာဏာမသိမ်းခင်ကလေးမှာပဲ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အထက်တရားရုံးကနေ ဖြုတ်ချထုတ်ပယ်ခဲ့ချိန် မတိုင်ခင်အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ယင်လတ်ဟာ သူမကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနေစဉ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက တိုင်းပြည်ကနေ ထွက်ပြေးခဲ့တာပါ။ နောက်လတွေမှာတော့ အကြီးအကျယ် ဆုံးရှုံးမှုဖြစ်စေခဲ့တဲ့ ဆန်အမတော်ကြေး စီမံကိန်းနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး အာဏာအလွဲသုံးစားလုပ်မှုနဲ့ ယင်လတ်ကို အထက်လွှတ်တော် တရားရုံးက မျက်ကွယ်ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်ထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်ကို နောက်အစိုးရတွေက လာဘ်စားမှုနဲ့ တရားစွဲခဲ့ပြီး သူဟာ ၂၀၀၈ ခုနှစ်ကတည်းက ကိုယ့်သဘောနဲ့ နိုင်ငံကထွက်ခွာကာ ပြည်ပြေးအဖြစ် နေထိုင်ခဲ့တာပါ။ ယင်လတ်ကိုလည်း ဗြိတိန်နိုင်ငံက သူတို့နိုင်ငံအတွင်း တခါနေ ၆ လ ဒါမှမဟုတ် ဒီကာလထက်နည်းပြီး နေလို့ရတဲ့ အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာနဲ့ နောက်ထပ် နေထိုင်ခွင့် ၁၀ နှစ် ခွင့်ပြုထားတယ်လို့ ဘီဘီစီရဲ့ ထိုင်းဘာသာစကားနဲ့ အင်တာနက်စာမျက်မှာ ဖော်ပြထားကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up