Live
Home
မြန်မာသတင်း
အဆိုတော် အစ္စဏီအမှု တရားလို မော်ဒယ်စူးရှထက် လာရောက်စစ်ဆေးခံ
DVB
·
June 1, 2018
အဆို​တော်​ အစ္စဏီကို တရားစွဲဆိုထားတဲ့ အမူအတွက်​ ဇွန်​ ၁ ရက်​​နေ့ရုံးချိန်းမှာ တရားလိုဖြစ်​တဲ့ သရုပ်​​ဆောင်​​မော်​ဒယ်​စူးရှထက်​ တရားခွင်​ကို လာ​ရောက်​စစ်​​ဆေးခံခဲ့ပါတယ်​။ ပြီးခဲ့တဲ့ ရုံးချိန်း ၂ ​ချိန်းမှာ​တော့ တရားလို​ မော်​ဒယ်​စူးရှထက် ​​ရောက်​မလာတဲ့အတွက်​ ဒီ​နေ့ရုံးချိန်းမှာတော့ တရားလိုကို စတင်​စစ်​​ဆေးရမယ့်​​နေ့ပဲဖြစ်​ပါတယ်​။ အဆို​တော်​ အစ္စဏီကို ရည်းစား​ဟောင်းဖြစ်​သူ ​မော်​ဒယ်​စူးရှထက်​အား အပြင်းထန်​နာကျင်​​စေမှု၊ တုံး​သောလက်​နက်​နဲ့ နာကျင်​​စေမှု၊ မုဒိန်းမှုတို့နဲ့ တရားစွဲဆိုပြီး တာ​မွေတရားရုံးမှာ ရုံးတင်​စစ်​​ဆေး​နေတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က  မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ   ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်အား တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့  နာကျင်ပြီး သတိမေ့နေတုန်း နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲက သတင်းထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024