Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများကို ပြန်လက်ခံရေး မြန်မာအစိုးရနှင့် ကုလအေဂျင်စီ လက်မှတ်ထိုး
DVB
·
June 1, 2018
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရနဲ့  ကုလသမဂ္ဂအေဂျင်စီတွေအကြား နားလည်မှု စာချွန်လွှာကို မေ ၃၁ ရက်က ကနဦး လက်မှတ်ရေးထိုးပါတယ်။ မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ စိစစ်မှုတွေ ပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရာမှာ  ကုလသမဂ္ဂအေဂျင်စီတွေက ပူးပေါင်း ကူညီဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နဲ့ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်နေရာချထားရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်း ရရှိစေရေးအတွက် လိုအပ်တာတွေ ပံ့ပိုးပေးရာမှာ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါ အမ်အိုယူ သဘောတူညီချက်ဟာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ၄ လလောက်ကြာ ဆွေးနွေးပြီးတဲ့နောက် ရလဒ်အနေနဲ့ ကနဦး အမ်အိုယူ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူပေါင်း ၆ သိန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပြီး ဒီအထဲက ၆၀ ကျော်ကတော့ ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024