ကျူးဘားတွင် ရေလွှမ်းမိုးမှုကြောင့် ၄ ဦးသေ၊ လူသောင်းနှင့်ချီ ဘေးကင်းရာရွှေ့ပြောင်း

A police officer wades through the Hurricane Harvey floodwaters in Alvin, Texas August 29, 2017. REUTERS/Rick Wilking TPX IMAGES OF THE DAY
ကျူးဘားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း သောင်းနဲ့ချီပြီး ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ကျူးဘားနိုင်ငံပိုင်သတင်းဌာနက မေ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မအထိ ရွာသွန်းခဲ့ပြီးနောက် လမ်းတံတားနဲ့ အဆောက်အဦတွေ ရေလွှမ်းမိုးခဲ့ပြီး ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ လူ ၆ သောင်းလာက်ဟာ လျှပ်စစ်မီး မရရှိဘူးလို့လည်း မီဒီယာတွေက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up