အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့မှာ မေလ ၃၁ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့လို့ ရဲအရာရှိ ၁ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
နေ့လယ်ခင်းအချိန်လောက်မှာ သေနတ်သမား ၁၀ ယောက်က ၀န်ကြီးဌာနရဲ့ အဓိက ဌာနကို တိုက်ခိုက်ခဲ့တာလို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။
ပထမဦးဆုံး တိုက်ခိုက်ရေးသမား တယောက်ဟာ ၀င်ပေါက်ရှေ့ဂိတ်မှာ ကိုယ်မှာ တပ်ဆင်လာတဲ့ဗုံးကို ဖောက်ခွဲခဲ့ပြီး ကျန်တဲ့ သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။
ရဲအရာအရှိတဦး သေဆုံးခဲ့တာကို အတည်ပြုခဲ့ပြီး သေနတ်သမား ၁၀ ဦးလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက အသေပစ်ခတ်နိုင်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။