မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာသား ၂ ဦး မိုင်းနင်းမိ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
May 31, 2018
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာနေသား နှစ်ဦး မေ၂၆ ရက် ညနေပိုင်းက ငါးရှာထွက်ချိန် မိုင်းနင်းမိခဲ့တဲ့အတွက် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဆားမှော်ကျေးရွာနေ မောင်စိုင်းအောင်နဲ့ မောင်နိုင်နိုင်တို့ဟာ ငါးရှာဖို့ ထွက်ခွာလာစဉ် ကျေးရွာရဲ့ အရှေ့တောင်ဘက် ၈ မိုင်လောက် အကွာ ဒေသအခေါ် ဘန်ဂျယ်ချောင်းကို အရောက်မှာ ကေအိုင်အေ ထောင်ထားတဲ့ နင်းမိုင်း တလုံးကို မောင်နိုင်နိုင်က နင်းမိပေါက်ကွဲခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မိုင်းနင်မိတဲ့ မောင်နိုင်နိုင်ကတော့ အဲဒီနေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ မောင်စိုင်းအောင်ကိုတော့ မိုးကောင်းမြို့ ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသပေးခဲ့တယ်လို့ သိရပါ တယ်။