ထင်ရှားတဲ့ ရုရှားသတင်းထောက်တဦးဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်ကို ဝေဖန်သူ အာကာဒီ ဘက်ဘ်ချန်ကို (Arkady Babchenko) ဟာ ယူကရိန်းနိုင်ငံမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က မေလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဘက်ဘ်ချန်ကိုဟာ ချေချင်းညှာစစ်ပြန်တဦးဖြစ်ပြီး ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တဦးဖြစ်ပါတယ်။
ဆီးရီးယား အလက်ပိုမြို့ကို ရုရှားဗုံးကြဲတဲ့ကိစ္စနဲ့ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ကိစ္စတွေမှာ ဘက်ဘ်ချန်ကိုက ဝေဖန်ခဲ့တာကြောင့် အစိုးရလိုလားသူ နိုင်ငံရေးသမားတွေက သူ့ကို ရှုတ်ချခဲ့ပါတယ်။
ဘက်ဘ်ချန်ကိုဟာ ခြိမ်းခြောက်ခံရပြီးနောက် ယူကရိန်းကို ထွက်ပြေးခဲ့ပြီး အဲဒီမှာ အသတ်ခံရတာဖြစ်ကြောင်းနဲ့ ဒီသတ်ဖြတ်ခံရမှုဟာ ဘက်ဘ်ချန်ကိုရဲ့ သက်မွေးလုပ်ငန်းနဲ့ ပတ်သက်မှုရှိတယ်လို့ ရဲက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကလည်း အစိုးရကို ဝေဖန်တဲ့ ဘယ်လာရုစ်ဂျာနယ်လစ် ပါဗယ် ရှေရယ်မစ်ဟာ ကိယက်ဗ်မြို့လယ်ကောင်မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။