မြောက်ကိုရီးယား ထိပ်တန်းသံတမန် ကင်မ်ယောင်ချူး နယူးယောက်သို့ သွားမည်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယား ထိပ်တန်းသံတမန် ကင်မ်ယောင်ချူးဟာ နယူးယောက်ကို လာရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ “ကျမပြောချင်တဲ့ နောက်ဆုံးရ သတင်းကတော့ မနက်ဖြန်ကျရင် မြောက်ကိုရီးယား ထိပ်တန်းသံတမန် နယူးယောက်ကိုလာမှာ ဖြစ်ပါတယ်။ မေလ ၂၄ ရက်နေ့မှာ သမ္မတ ထရမ့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းပြီးကတည်းက မြောက်ကိုရီးယားက ဆက်သွယ်နေတာပါ။ သမ္မတထရမ့်နဲ့ ခေါင်းဆောင်ကင်တို့ စင်ကာပူမှာ တွေ့ဆုံရေး အမေရိကန်နိုင်ငံအနေနဲ့ ဆက်လက်ပြင်ဆင်နေပါတယ်။ လာမယ့် ဇွန်လ ၇ ရက်နေ့ကျရင် သမ္မတ ထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုလည်း ပါဝင်မှာပါ။ မြောက်ကိုရီးယား ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ကင်မ်ယောင်ချူးဟာ နယူးယောက်ကိုလာပြီး ဒီတပတ်နှောင်းပိုင်းမှာ ဝန်ကြီး ပွန်ပီယိုနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟတ်သာနော်အာ့တ်က မေလ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up