Saturday, June 10, 2023
HomeLead Storyပါလက်စတိုင်း သင်္ဘောတစီးကို အစ္စရေးရေတပ် ကြားဖြတ်ဟန့်တား

ပါလက်စတိုင်း သင်္ဘောတစီးကို အစ္စရေးရေတပ် ကြားဖြတ်ဟန့်တား

အစ္စရေးပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင် ပင်လယ်ရေပြင်ကို ဖြတ်ဖို့ ကြိုးပမ်းတဲ့ ပါလက်စတိုင်း သင်္ဘောတစီးကို အစ္စရေးရေတပ်က မေလ ၂၉ ရက်နေ့မှာ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံကို ဦးတည်ခုတ်မောင်းမယ့် အဲဒီသင်္ဘောဟာ အစ္စရေးက ၁၁ နှစ်ကြာ ပိတ်ထားတဲ့ ပင်လယ်ရေပြင်ပိုင်နက်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာပါ။

သင်္ဘောဟာ ပင်လယ်ပြင်မှာ ရေမိုင် ၉ မိုင်အထိ ခုတ်မောင်းပြီး နောက်မှာ အစ္စရေးရေတပ်သင်္ဘောတွေရဲ့ ပစ်ခတ်ဟန့်တားတာ ခံခဲ့ရတယ်လို့ သင်္ဘောခုတ်မောင်းမှုကို စီစဉ်တဲ့ ပါလက်စတိုင်း အမျိုးသားကော်မတီက ပြောပါတယ်။

သင်္ဘောပေါ်မှာ ပြည်ပမှာ ဆေးကုသခံမယ့် လူနာတွေ၊ တခြားနိုင်ငံတွေမှာ အလုပ်ရှာမယ့် ကျောင်းသားတွေနဲ့ ဘွဲ့ရတွေ ပါသွားတယ်လို့လည်း အဲဒီကော်မတီက ပြောပါတယ်။

အစ္စရေး ပိတ်ဆို့ထားတဲ့ရေပြင်ကို ဖြတ်မယ့် အဲဒီ ပါလက်စတိုင်းသင်္ဘောကို ရာနဲ့ချီတဲ့လူတွေက ငါးဖမ်းသင်္ဘော အစီး ၃၀ နဲ့ ဝန်းရံခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular