ဒီပဲယင်း အရေးအခင်း ၁၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
Aung Ko Latt
·
May 30, 2018
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦး အပါအဝင် အန်အယ်လ်ဒီ ပါတီဝင်တွေကို စစ်အစိုးရက အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ မေ ၃၀ ဒီပဲယင်း အရေးအခင်း ၁၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအောက်မေ့ဖွယ်အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနဲ့ အန်အယ်လ်ဒီဗဟိုမှ မုံရွာအောင်ရှင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ အရေးအခင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ရွာထိပ်မှာ သေဆုံးသူတွေအတွက် လွမ်းသူ့ပန်းခွေချတာ၊ ပင့်ဖိတ်ထားတဲ့ သံဃာတော်တွေကို သေဆုံးသူတွေအတွက် ရည်စူးပြီး ဆွမ်းကပ်အမျှဝေတာ၊ တက်ရောက်လာတဲ့ ဧည့်ပရိသတ် ထောင်ပေါင်းများစွာကို ထမင်းကျွေးမွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။