Monday, May 29, 2023
HomeLead Storyအာဆင်နယ်နှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမည်ဟု တူရကီနောက်ခံလူ ဆိုရန်ကူ ပြော

အာဆင်နယ်နှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမည်ဟု တူရကီနောက်ခံလူ ဆိုရန်ကူ ပြော

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးသွားမယ်လို့ တူရကီနောက်ခံလူ ဆိုရန်ကူက ဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဂျာမန်ကလပ် ဖရိုင်းဘာ့ဂ်အသင်းက ဗဟိုနောက်ခံလူ ဆိုရန်ကူကို ခေါ်ယူဖို့ အစောပိုင်းကတည်းက ကြိုးပမ်းနေတာပါ။

မိမိကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေတာ သိရှိထားပြီး အပြီးသတ်ဆွေးနွေးဖို့ လိုသေးတယ်လို့ တူရကီမီဒီယာတခုနဲ့ အင်တာဗျူးမှာ ဆိုရန်ဆူက ပြောပါတယ်။

ဘရိုင်းဘာ့ဂ်အသင်းဟာ ဆိုရန်ကူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း အလိုရှိနေတယ်လို့ သိရပြီး ပေါင်သန်း ၅၀ ပဲ အသုံးစရိတ် ထုတ်ပေးထားတဲ့ အာဆင်နယ်အသင်းအတွက် ပြောင်းရွှေ့ကြေးပမာဏကို ပြန်လည်စဉ်းစားဖို့လည်း ရှိနေပါတယ်။

အသက် ၂၂ နှစ်ရှိ ဆိုရန်ကူဟာ ၂၀၁၆ ခုနှစ်ကတည်းက တူရကီကလပ် အယ်တင်နော်တူအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ဘရိုင်းဘာ့ဂ်အသင်းနဲ့အတူ နှစ်ရာသီအတွင်း ၅၅ ပွဲကစားပြီး ၁ ဂိုး သွင်းထားပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် ကိုစီယယ်နီ ကာလရှည် အနားယူရမှာဖြစ်လို့ နောက်ခံကစားသမားတဦး သေချာပေါက် ခေါ်ယူမှာဖြစ်ပြီး ဆိုရန်ကူအပြင် ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲထားတဲ့ ညာနောက်ခံလူ လက်ခ်ျစတိန်နာကိုလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular