၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေမှာကို ဇွန် ၂ ရက်၊ မနက် ၆ နာရီမှာ ထုတ်ပြန်မယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အောင်စာရင်းတွေကို နိုင်ငံတ၀န်း သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်း ကပ်ထားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း၊ အင်းစိန်၊ ရန်ကင်း၊ ကမာရွတ်၊ လမ်းမတော်၊ ဒဂုံနဲ့ သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတို့မှာ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ အောင်စာရင်းတွေကို ကပ်ထားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးတွေ၊ ခရိုင်ပညာရေးမှူးရုံးတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေမှာ ဇွန် ၂ ရက်နေ့ မနက် ၆ နာရီ နောက်ပိုင်းမှာ စုံစမ်းနိုင်တယ်လို့ စာစစ်ဌာနက သိရပါတယ်။