မန်ယူအတွက် ဘေးလ်နှင့် နေမာ လိုအပ်ဟု ပေါလ်စခိုး သုံးသပ်

ဂါရတ်ဘေးလ်နဲ့ နေမာတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လိုအပ်တဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ကစားသမားဟောင်း ပေါလ်စခိုးက သုံးသပ်လိုက်ပါတယ်။ ဂါရတ်ဘေးလ်နဲ့ နေမာတို့ကို ခေါ်ယူနိုင်ခြင်းရှိ မရှိ မသိပေမယ့် ဒီလိုကစားသမားတွေဟာ ထူးချွန်တဲ့ စပါယ်ရှယ်ကစားသမားတွေဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ လိုအပ်တဲ့ ကစားသမားတွေဖြစ်တယ်လို့ ပေါလ်စခိုးက ပြောလိုက်တာပါ။ ဒီကစားသမားတွေဟာ မန်ယူအသင်းတိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ပြီး လူကာကူအတွက်လည်း အကူအညီဖြစ်စေမယ်လို့ ပေါလ်စခိုးက ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဆီဗီလာကို ရှုံးနိမ့်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ နီးစပ်ဖို့အတွက် နေရာတိုင်းမှာ လိုအပ်ချက်ရှိတာကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း ပေါလ်စခိုးက ပြောကြားခဲ့ပါတယ်။ အသက် ၄၃ နှစ်ရှိ မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်ဟာ အသင်းနဲ့အတူ ၁၉ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

More News
Up