Live
Home
မြန်မာသတင်း
အကျဉ်းစခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိပါက တိုင်ကြားရန်ဖိတ်ခေါ်
နေဖြိုးဝင်း
·
May 28, 2018
အကျဉ်းစခန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေရှိရင် တိုင်ကြားပေးဖို့  မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ မေတ္တာရပ်ခံလိုက်ပါတယ်။ မေလ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနဲ့ပတ်သက်ပြီး ကော်မရှင်ဥက္ကဌ ဦးဝင်းမြက ပြန်လည်ရှင်းလင်းတာမှာ အခုလို ပြောတာပါ။ “အကျဉ်းထောင်အတွင်းမှာ အကျဉ်းသား၊ အကျဉ်းသူတွေ ထောင်အတွင်းမှာ လူ့ အခွင့်အရေးချိုးဖောက်မှုခံရတာတွေနဲ့ ပတ်သက်လို့ တိုင်းကြားမှုတွေရှိတိုင်း ချက်ချင်းကွင်းဆင်း ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနကို အကြံပြု တာတွေ ပြုလုပ်ခဲ့ပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ နယ်ပယ်ဒေသက အကျဉ်းထောင်တွေ၊ အကျဉ်းစခန်းတွေမှာ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု တွေ ရှိတယ်လို့သိရှိတိုင်း ကော်မရှင်ကိုအားမနာတမ်း အကြောင်းကြား ပေးခြင်းဖြင့် လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းကို ၀ိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါ တယ်။” ၂၀၁၇ ခုနှစ်ထဲမှာ မြင်းခြံ၊ သာယာဝတီ၊ ဟင်္သာတ စတဲ့ အကျဉ်းထောင်တွေ၊ အင်းပြောင်၊ အိုးပင်၊ သာစည် စတဲ့ အကျဉ်းစခန်းတွေမှာ တိုင်ကြားတာတွေရှိလို့ ချက်ချင်းဆောင်ရွက်ခဲ့တယ်၊ ပြည်ထဲရေးဝန်ကြီး ဌာနအနေနဲ့ ကျောက်ထုတ်စခန်းတွေပိတ်သိမ်းဖို့ လက်ရှိဖြစ်ပေါ် နေတဲ့ အခြေအရပ်ရပ်ပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက် နေတယ်လို့ လည်း ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024