Home
မြန်မာသတင်း
မန္တလေး ဂရိတ်ဝေါကလေးကစားကွင်းအတွင်း ၀င်ရောက်လုယက်သူ ၇ ဦး ဖမ်းမိ
DVB
·
May 28, 2018
  မန္တလေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ ဂရိတ်ဝေါ​ရှော့ပင်းစင်​တာရှိ က​လေးအားကစားကွင်း အတွင်း ဝင်​​ရောက်​လုယက်​သူ ၇ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ မနက် ၂ နာရီလောက်ကမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၇ ရက်နေ့ ည ၁၂ နာရီလောက်က ဂရိတ်ဝေါကလေးကစားကွင်းအတွင်း လူငယ်​ ၇ ​ယောက်​က ဝင်​​ရောက်​လာပြီး လက်ကိုင်ဖုန်းတွေ၊ ငွေအနည်းငယ်​နဲ့ အိပ်​တလုံးကို လုယူခဲ့တာ ဖြစ်ပါတယ်​။ မြို့နယ်​မှူး နယ်​ထိန်းခေါင်းဆောင် ခရိုင်မူခင်းနှိမ်နှင်း​ရေးတာဝန်ယူထားတဲ့ ရဲအုပ်သူရတို့ အဖွဲ့က လုယက်သူ တရားခံ ၇ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ပြည်ကြီးတံခွန် ၆၇ ပျူစောထီးလမ်းထောင့်မှာ ပူးပေါင်းဖမ်းဆီးပြီး အမှတ် ၈ နယ်​ထိန်းအဖွဲ့ကို  လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ လုယက်​မှု ကျူးလွန်​ခဲ့သူ ကိုအာထက်​(ခ)တရုတ်​ကြီး၊ ကို​ဇော်​လုနိုင်​၊ ကို​နေလင်းထက်​၊ ကိုပြည့်စုံ၊ ကို​အေး​သောင်းပြုံး၊ ကိုရန်​နိုင်​ဝင်း၊ ကိုဝိန်​ထက်​တို့ ၇ ဦးကို အမှတ်​ (၈)မြို့မရဲစခန်းက (ပ)၂၉၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ -၃၈၆/၁၁၄ နဲ့ အ​ရေးယူ အမှုဖွင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024