Homeအာရှဒေသ
ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းခိုလှုံလာတဲ့ ချာခ်မာလူမျိုးစုတွေကို အိန္ဒိယက နိုင်ငံသားအဖြစ် သတ်မှတ်
ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းခိုလှုံလာတဲ့ ချာခ်မာလူမျိုးစုတွေကို အိန္ဒိယက နိုင်ငံသားအဖြစ် သတ်မှတ်
DVB
·
June 27, 2012
အိန္ဒိယ အရှေ့မြောက် အာရုနာချယ်လ် ပရာဒရှ် ပြည်နယ်မှာ နေထိုင်တဲ့ ချာခ်မာ (Chakma) လူမျိုးစုတွေဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရဖို့ ဆယ်စုနှစ် ၆ ခုကြာ တိုက်ပွဲဝင်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေမှာ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဘက်ကနေ ထွက်ပြေးခဲ့ပြီး အိန္ဒိယမှာ ချာခ်မာ ၆ သောင်းကျော်လောက် နေထိုင်နေကြပါတယ်။
ဒီနှစ်တော့ အိန္ဒိယအစိုးရက သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ရှိတဲ့အကြောင်း Asai Calling မှ ဂေယာထရီ ပါရာမီစ၀ါရန် နဲ့ ဖိလစ် ဂေ့ဒ် (Gayatri Parameswaran and Felix Gaedtke) တို့က ချာခ်မာလူမျိုး တချို့နဲ့ တွေ့ဆုံပြီး သတင်း ပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။