ဒဏ်ရာရ ဆာလက် ကမ္ဘာ့ဖလားတွင် ပါဝင်ကစားနိုင်မည်ဟု အီဂျစ်အသင်း မျှော်လင့်

တိုက်စစ်မှူး ဆာလာက် ပခုံးဒဏ်ရာရခဲ့ပေမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်မယ်လို့ အီဂျစ်အသင်းက မျှော်လင့်နေပါတယ်။ လီဗာပူတိုက်စစ်မှူး ဆာလက်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြင်းထန်တဲ့ ပခုံးဒဏ်ရာ ရခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ ကစားနိုင်မလား မရောရာဘဲ ဖြစ်လာတာပါ။ ဒါပေမယ့် အီဂျစ် ဘောလုံးအဖွဲ့ချုပ်ကတော့ ဆာလက်ရဲ့ဒဏ်ရာကို အကောင်းမြင်ထားပြီး ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဆာလက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲအပြီးမှာ ပခုံးဒဏ်ရာကို ဓာတ်မှန်ရိုက် စစ်ဆေးခံယူခဲ့ရပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဗိုလ်လုပွဲမှာ အားထားရတဲ့ ဆာလက် စောစောစီးစီး ဒဏ်ရာရသွားတာ ကံမကောင်းမူဖြစ်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ နည်းပြဂျာဂန်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up