Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်
DVB
·
May 28, 2018
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၇ နာရီ တိုင်းတာချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ ၁ နာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာ့ပင်လယ်ပြင် လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၂ ပေလောက်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ ၄ ပေက  ၈ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024