မအေးသောင်း၏ ၃၄ နှစ်ပြည့်မွေးနေ့ ရန်ကုန် စိန်မေရီဘုရားကျောင်းတွင် ကျင်းပ
ပြည့်ဖြိုးကျော်
·
May 27, 2018
မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ နာမည်ကျော်သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ မွေးနေ့ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက စိန်မေရီခရစ်ယာန်ဘုရား ရှစ်ခိုးကျောင်းမှာ ကျင်းပခဲ့ပါတယ်။
အသက် ၃၄ နှစ်ပြည့်သွားပြီဖြစ်တဲ့ မအေးသောင်းလို့ နာမည်ပြောင်နဲ့ ထင်ရှားနေတဲ့ အေးဝတ်ရည်သောင်းရဲ့ မွေးနေ့ကို ရုပ်ရှင်နဲ့ သရုပ်ဆောင်အသိုင်းအ၀ိုင်းက နာမည်ကျော် မင်းသမီး၊ မင်းသားတွေနဲ့ မအေးသောင်းရဲ့ ပရိတ်သတ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
မသန်စွမ်းနဲ့ ပရဟိတကျောင်း ၃ ကျောင်းက ကလေးငယ်တွေအတွက် ပညာရေး အထောက်အပံ့တွေ လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် မအေးသောင်းရဲ့မွေးနေ့ တက်ရောက်လာသူတွေကို မွေးနေ့အမှတ်တရ အင်္ကျီတွေနဲ့ လွယ်အိတ်လေးတွေကိုလည်း ပြန်လည်ပေးအပ်ခဲ့ပါတယ်။