Home
မြန်မာသတင်း
နမ့်စန်တွင် ငွေကျပ် သိန်း ၉,၆၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
May 27, 2018
ရှမ်းပြည်၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စုမှာ ငွေကျပ် သိန်း ပေါင်း ၉,၆၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မေ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်နဲ့ မက်ကျန်း (ဌာနေ) ပြည်သူ့စစ်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ ကောင်းမှုဝေကျေးရွာ-နောင်စန့်ကျေးရွာသွား ကားလမ်းမှာ မော်တော်ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တာပါ။ ခွန်မောင်ခွန် မောင်းနှင်ပြီး မောင်ဆွေ၊ လှဖေနဲ့ အောင်တင် တို့ လိုက်ပါလာတဲ့ VIGO မော်တော်ယာဉ်ပေါ်မှ ဘိန်းစိမ်းပီနံအိတ် ၂၀ (ဘိန်းစိမ်း အလေးချိန် ၆၀၀ ကီလို)၊ မောင်ဝင်း မောင်းနှင်ပြီး ဦးတဆန်းနဲ့ ခွန်မောင်ဒွန်းတို့ လိုက်ပါလာတဲ့ တိုရိုတာ ဟိုင်းလတ် မော်တော်ယာဉ်ပေါ်မှ ပီနံအိတ် ၂၆ အိတ် (ဘိန်းစိမ်းအလေးချိန် ၇၈၀ ကီလိုနဲ့ ဘိန်းညိုမှုန့် ၉ ကီလို)၊ ငွေကျပ် ၇ သိန်းနဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့သူ ၇ ဦးတို့ကို  မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024