Homeမြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂ ရက် အမည်စာရင်း သွင်းနိုင်ပြီ
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂ ရက် အမည်စာရင်း သွင်းနိုင်ပြီ
DVB
·
May 26, 2018
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဇူလိုင်လ ၂ ရက်ကစပြီး အမည်စာရင်းပေးနိုင်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
စာရင်းတင်ခွင့်ကို ရက်သတ္တတပတ်ကျော်ခွင့်ပြုထားပြီး ဇူလိုင်လ ၁၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာပါ။
အမည်စာရင်း တင်သွင်းလွှာတွေကို ပြန်ရုပ်သိမ်းမယ်ဆိုရင်လည်း ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထား ရုပ်သိမ်းရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတာတွေကို ဇူလိုင်လ ၁၆ ရက်ကနေ ၂၂ ရက်အထိ စိစစ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ နောက်ထပ်ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိနေတာပါ။