ဓနုဖြူမြို့နယ် ကျေးရွာများတွင် လေပြင်းကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး

ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ မေ ၂၅ ရက်၊ ညနေ ၆း၃၀ အချိန်လောက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ အမိုးလန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ပုကွန်ကျေးရွာအုပ်စု၊ ပုကွန်ကျေးရွာမှာ သွပ်မိုး ဝါးအိမ် ၁ လုံး၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ဇလုပ်ကြီးကျေးရွာမှာ သွပ်မိုး ဝါးအိမ် ၁၃ လုံးနဲ့ ထိုက္ကလေးကျေးရွာအုပ်စု၊ ထိုက္ကလေးကျေးရွာမှာ သွပ်မိုး ဝါးအိမ် ၁၂ လုံးတို့ အမိုးလန်ပျက်စီးခဲ့ပြီး ရေကြည်ကျေးရွာအုပ်စု၊ ရေကြည်ကျေးရွာမှာ သွပ်မိုး ဝါးအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လေပြင်းတိုက်ခတ်တဲ့ ကျေးရွာတွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သွားရောက်ကူညီခဲ့ကြပြီး လူနဲ့တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up