Homeမြန်မာသတင်း
ရုရှားနှင့်ဂျပန် ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြော
ရုရှားနှင့်ဂျပန် ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြော
DVB
·
May 26, 2018
ရုရှားနဲ့ ဂျပန်တို့ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးသင့်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေလ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းက ပစိဖိတ်ကျွန်းတွေအတွက် နယ်မြေ ပိုင်နက် အငြင်းပွားမှုတွေကြောင့် ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်နဲ့ ရုရှားတို့ဟာ ငြိမ်းချမ်းရေးစာချုပ်ကို တရားဝင်လက်မှတ် မထိုးရသေးပါဘူး။
ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်တဲ့ စိန့်ပီတာစဘတ်က စီးပွားရေးဖိုရမ်မှာ အာဘေးက ပြောလိုက်တာပါ။
ရုရှားနဲ့ ဂျပန်ကြား ပိုင်နက်အငြင်းပွားကျွန်းတွေဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုရဲ့ အမှတ်လက္ခဏာတခု ဖြစ်လာနိုင်တယ်လို့ ဂျပန် ၀န်ကြီးချုပ် အာဘေးက ပြောကြားခဲ့ပါတယ်။