စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ရာထူးမှနုတ်ထွက်
DVB
·
May 26, 2018
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို သူ့ရဲ့ ဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့် ပေးလိုက်တယ်လို့ သမ္မတ ဦးဝင်းမြင့်က မေလ ၂၅ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။
ဦးကျော်ဝင်းရဲ့ မိသားစုဝင်နဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရလို့ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာ အခုလို နုတ်ထွက်ခွင့်ပြုလိုက်တာပါ။
ဒါဟာ ဒီအစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီး နောက်တယောက် နုတ်ထွက်တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း နုတ်ထွက်ခဲ့တာပါ။
အဲဒီနောက် ဝန်ကြီးချုပ်တွေအနေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ် တို့ဟာလည်း ဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။
နုတ်ထွက်သွားတဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးနေရာမှာ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးစိုးဝင်းကို ခန့်အပ်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။