Home
အနုပညာ
The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲရဲ့Winner က ဘယ်သူဖြစ်မလဲ
DVB
·
May 26, 2018
လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ သီချင်းအဆိုပြိုင်ပွဲတခုကတော့ ဒီနှစ်မှ မြန်မာနိုင်ငံမှာကျင်းပတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အဖွဲ့လေးဖွဲ့မှာ ပြိုင်ပွဲဝင်နှစ်ယောက်စီ စုစုပေါင်းပြိုင်ပွဲဝင် ၈ ဦးကျန်ရှိကာ၊ လာမယ့်အပတ်မှာ ဘယ်ပြိုင်ပွဲဝင်တွေက နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကို တက်ရောက်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အဖွဲ့တဖွဲ့ခြင်းစီမှာရှိတဲ့ Coaches တွေရဲ့ နည်းပြပေးမှုတွေကြောင့် ပြိုင်ပွဲဝင်တွေရဲ့ ဂီတအရည်အသွေးတွေက တပတ်ထက်တပတ်ပိုမိုကောင်းမွန်လာကာ၊ Coachesတွေအဖြစ် ခေါင်းခြောက်ရတဲ့ အဖြစ်မျိုးတွေနဲ့လည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။ Coaches တဦးဖြစ်တဲ့ Team Lynn အဖွဲ့ထဲမှာတော့ P Shen Paung နဲ့ ငွေစိုး နှစ်ယောက်ပဲကျန်ရှိကာ၊ ပြိုင်ပွဲဝင်နှစ်ယောက်လုံး အဆိုကောင်းတဲ့သူတွေ ဖြစ်ရုံသာမက ပရိသတ်တွေလည်း အခိုင်အမာ ရရှိနေကြပြီဖြစ်တဲ့အတွက် Coach လင်းလင်းတယောက် ရွေးချယ်ရခက်စေမယ့် အနေအထားမှာ ရှိနေပါတယ်။ Team YC ထဲက ပြိုင်ပွဲဝင်တွေဖြစ်တဲ့ သော်ဒီနဲ့ ခိုင်မြဲသစ္စာကလည်း တကယ့်အမိုက်စား ပြိုင်ပွဲဝင်တွေဖြစ်ပေမယ့် သူတို့နှစ်ယောက်ထဲက တယောက်ကပဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Team Kp အဖွဲ့က ပြိုင်ပွဲဝင်တွေဖြစ်တဲ့ ရဲနိုင်ထူးနဲ့ နှင်းအိန္ဒြာရှင်တို့ နှစ်ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်က နောက်ဆုံးအဆင့်ကို တက်ရောက်သွားနိုင်မလဲ၊ ကျားပေါက်က ဘယ်ပြိုင်ပွဲဝင်ကို နောက်ဆုံးအဆင့်ခေါ်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နောက်ဆုံးကျန်ရှိတဲ့ Team Ni Ni အဖွဲ့က ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Mark Jason နဲ့ Grace Monica ပြိုင်ပွဲဝင် နှစ်ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်က  နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်မလဲဆိုတာကို လာမယ့်တနင်္ဂနွေနေ့မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကို တက်ရောက်သွားနိုင်မယ့် ပြိုင်ပွဲဝင်တွေကတော့ စိတ်ကြိုက်သီချင်းတပုဒ်အပြင်၊ ပရိသတ်တွေ အများစု ရွေးချယ်ပေးတဲ့ တေးသီချင်း ၁ ပုဒ် စုပေါင်းတေးသီချင်း ၂ ပုဒ်ကို သီဆိုကာ ထပ်မံယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ The Voice Myanmar 2018 ပြိုင်ပွဲမှာဆုရရှိတဲ့ ပြိုင်ပွဲဝင်အနေနဲ့ ဆုကြေးငွေကျပ်သိန်း ၂၀၀ အပြင်၊  Universal Studio နဲ့ အတူ တေးသီချင်းပြုလုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီသီချင်းဆိုပြိုင်ပွဲကို The Voice မှ တရားဝင်ခွင့်ပြုချက်နဲ့ MRTV-4 ၊ Forever BEC-Tero တို့မှ ပထမဦးဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်ကာ၊ ပြိုင်ပွဲဝင်တွေကို၂၀၁၇ နိုဝင်ဘာလအတွင်း ကခေါ်ယူခဲ့ပြီး၊ ပြိုင်ပွဲဝင်ပေါင်းထောင်နဲ့ချီထဲကမှ Audition အဆင့် ပြိုင်ပွဲဝင်အယောက် ၁၀၀ ကို ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024