လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့လယ်တွင် ကားဗုံးပေါက်ကွဲ၊ ၇ ဦး သေဆုံး

People look at the remnants of a car at the scene of a car bomb in Benghazi, Libya May 25, 2018. REUTERS/Stringer - RC11012CB5C0
လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့လယ်က လူစည်ကားရာ လမ်းမတခုမှာ မေ ၂၄ ရက်ညက ကားဗုံးပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၇ ဦး သေဆုံးသွားပြီး ၁၀ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဘန်ဂါဇီမြို့မှာ အကြီးဆုံးဟိုတယ်လည်းဖြစ်၊ မြေထဲပင်လယ်ဘေးမှာလည်း တည်ရှိတဲ့ တီဘတ်စ်တီ (Tibesti) ဟိုတယ်ရဲ့ နောက်ဘက်မှာ ကားဗုံးကွဲခဲ့တာပါ။ လမ်းပေါ်က ဈေးဆိုင်တွေနဲ့အတူ ရပ်ထားတဲ့ ကား ၈ စီးလည်း ပျက်စီးသွားခဲ့ပါတယ်။ ဘန်ဂါဇီမြို့ဟာ လစ်ဗျားမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး အစိုးရတပ်က ထိန်းချုပ်ထားတဲ့ မြို့လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up