အာဂျင်တီးနားတွင် နှစ် ၉၀ ကျော်သက်တမ်းရှိ ရုပ်ရှင်ရုံ ပြိုကျ၊ ၃ ဦး သေဆုံး

အာဂျင်တီးနားနိုင်ငံ တူကူမန်မြို့မှာ မေ ၂၃ ရက်နေ့က နှစ် ၉၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရုပ်ရှင်ရုံတရုံ ပြိုကျခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးသွားပါတယ်။ အဲဒီလို ပြိုကျအပြီးမှာ အရေးပေါ်ကယ်ဆယ်ရေးသမားတွေနဲ့ ဘေးမှာ ကြည့်ရှုနေသူတွေက အပျက်အစီးတွေ ဖယ်ရှား ရှင်းလင်းနေပုံတွေကို  လူမှုကွန်ရက်မီဒီယာတွေပေါ် လွှင့်တင်ခဲ့ကြပါတယ်။ ဒေသခံ သတင်းမီဒီယာက နောက်ထပ် အမျိုးသမီ ၂ ဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ အခုပြိုကျသွားတဲ့ အဆောက်အဦဟာ နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိပြီး ဖြစ်ပါတယ်။ အရင်က ရုပ်ရှင်ရုံအဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ တရုတ်စားသောက်ဆိုင်နဲ့ ဘိုလိန်းပစ်တဲ့ အာကစားခန်းမ ဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအဆောက်အဦဟာ ပြုပြင်ထိန်းသိမ်းမှု လုပ်ထားတဲ့ အဆောက်အဦလည်း ဖြစ်တယ်လို့ ဒေသခံသတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

More News
Up