Home
မြန်မာသတင်း
ကမ္ဘာ့လုံခြုံမှုညွန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့် ၆၄ နေရာ၌ ရပ်တည်
DVB
·
May 25, 2018
လတ်တလော ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တရားမျှတမှုစီမံကိန်း အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၁၃ နိုင်ငံထဲမှာ လုံခြုံမှုမရှိတဲ့ အဆင့် ၆၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒီအစီရင်ခံစာဟာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဖောက်ထွင်းခိုးယူမှု၊ ဓားပြမှုနဲ့ ငွေညှစ်မှုတွေ အပါအဝင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာဇဝတ်ပြစ်မှုတွေ အဖြစ်များတာနဲ့ ပြည်သူတွေ လူ့အဖွဲ့အစည်းထဲမှာ လုံခြုံမှု ခံစားရတာတွေနဲ့ပတ်သက်ပြီး လူတွေရဲ့အမြင်ကို တိုင်းတာ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင် မပေးနိုင်၊ အရပ်သားပြည်သူတွေအကြား အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ခြိမ်းခြောက်တာ ဒါမှမဟုတ် အကြမ်းဖက်တာမျိုး ရှိ မရှိ၊ အစိုးရဆီကနေ ပြန်ပြုပြင်ပေးတာမျိုး ရှိ မရှိနဲ့ ပြည်သူတွေ လူအုပ်စုလိုက် အကြမ်းဖက်ခံရတာ ရှိ မရှိ ဆိုတဲ့အချက်တွေနဲ့လည်း တိုင်းတာတယ်လို့ ဆိုပါတယ်။ ဒီစစ်တမ်းအရ စင်ကာပူနိုင်ငံက ကမ္ဘာမှာ လုံခြုံမှုအရှိဆုံး  အဆင့် ၁ မှာ ရပ်တည်နေပြီး ဂျပန်က အဆင့် ၈၊ တောင်ကိုရီးယားက အဆင့် ၂၂၊ တရုတ်က အဆင့် ၂၈ မှာ ရပ်တည်နေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ မြန်မာရဲ့အထက်မှာ မလေးရှား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ရှိနေပြီး မြန်မာရဲ့အောက်မှာတော့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ရှိနေပါတယ်။ နောက်ဆုံးပိတ်အဆင့် ၁၁၃ မှာတော့ ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာ့လုံခြုံမှု မရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024