ကျိုင်းတုံမြို့တွင် အင်အား ၄.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
May 25, 2018
ကျိုင်းတုံမြို့ အနောက်မြောက်ဘက်မှာ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မေ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၉ နာရီ ၄၃ မိနစ် ၅၄ စက္ကန့်အချိန်က ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၅၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့ရဲ့ အနောက်မြောက်ဘက် ၅၅ မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် ၂၁.၈၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၀၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာ စကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။