Home
အနုပညာ
မိန်းကလေးချင်းချစ်ကြိုက်ခန်းများပါဝင်သည့်ရိုက်ချက်များနှင့် စန္ဒီမြင့်လွင်၏ သီချင်းသစ် (ရုပ်သံ)
DVB
·
May 24, 2018
မိန်းကလေးချင်း ချစ်ကြိုက်နေကြတဲ့ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးမှုတွေနဲ့ အတူ ခပ်ကြမ်းကြမ်း သီချင်းစာသားတွေနဲ့ ထွက်ရှိလာတဲ့ IDFC - I Don’t Fucking Care သီ ချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒီသီချင်းကို သီဆိုထားသူတွေကတော့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့ ဖြစ် ကြပြီး FG Entertainment က စီစဉ်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဆိုဖီယာဟာ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ရာက စတင်ပြီး ပရိသတ်ကြား လူသိများ ထင်ရှားလာခဲ့တာဖြစ်ပြီး စန္ဒီမြင့်လွင်ကလည်း လူငယ်ကြိုက်နာ မည်ကြီးအဆိုတော်တဦးဖြစ်တာမို့ သူတို့ ၂ ဦးရဲ့ အတွဲအစပ်ဟာလည်း ထူးခြားနေတာ ပါ။ ဒီသီချင်းကို ရေးစပ်တဲ့ တေးရေးကတော့ မိုးထက်ဖြစ်ပြီး သီချင်းအမ်တီဗွီထဲမှာ တော့ စန္ဒီမြင့်လွင်၊ ဆိုဖီယာ၊ ဂျက်စီကာ ဒါဒါနဲ့ Bella တို့က ပါဝင် သရုပ်ဆောင်ထားကြ တာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ စစချင်း Audio ထွက်ရှိကတည်းက ပရိသတ်တွေက သတိထားမိခဲ့ ကြတာဖြစ်ပြီး ခုလို အမ်တီဗွီထွက်လာချိန်မှာလည်း ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ “ပြော ပြော ပြော… အတင်းတွေ… အဖျင်းတွေပြောထား… မော မော မောသွား မှာ… စိတ်ကိုလျှော့ခဏ… ဟော ဟော ဟော… ဟောဒီက စိတ်တွေချမ်းသာနေမြဲ… I Don’t Fucking Care…”စတဲ့ သီချင်း စာသားမြူးမြူးတွေကလည်း ထူးခြားနေတာပါ။ ဒီဒီချင်းကို ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အွန်လိုင်းပေါ်မှတဆင့် မျှဝေလိုက်တာ ဖြစ်ပြီး ၂ ရက်အတွင်း ၀င်ရောက်ကြည့်ရှုကြသူ ၃ သိန်းကျော်နေခဲ့တာ ဖြစ်ပါတယ်။ “သူမနဲ့ တို့အကြိုက်တူ နှုတ်ခမ်းနီ… သဘာဝနဲ့… တို့နှစ်ယောက် ဆန့်ကျင်ခဲ့ပြီ …”စတဲ့ သီချင်းစာသားတွေနဲ့အတူ အကြမ်းစား ရိုက်ချက်တွေနဲ့ ဒီသီချင်းကို အောက်မှာ အားပေးကြည့်ရှုနိုင်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024