Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် သစ်စက်များ ရပ်နားထား၍ မြန်မာလုပ်သားများ အလုပ်လက်မဲ့ဖြစ်
နန်းမြနဒီ
·
May 24, 2018
ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်အချို့မှာ သစ်စက်လုပ်ငန်းတွေ ရပ်နားထားတဲ့အတွက် ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ရှိနေပါတယ်။ ထိုင်းက ထုတ်လုပ်တဲ့ သစ်သားထည်ပစ္စည်းတွေ တရုတ်နိုင်ငံဘက်က အဝယ်မလိုက်လို့ ထုတ်ကုန် မှန်မှန်မရှိတော့သလို တချို့က သစ်စက်တွေ လုံးဝရပ်နားလိုက်တဲ့အတွက် အလုပ်သမားတွေ အလုပ်အကိုင် သစ်မရခင်ကြား အခက်အခဲဖြစ်နေရတာလို့ အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီထိုင်းတောင်ပိုင်းက သစ်စက်တွေ တော်တော်များများကို တရုတ်က ဝယ်လက်တွေ ပိတ်လိုက်တော့  သစ်စက်ရုံက အမ်အိုယူ အလုပ်သမားတွေ တော်တော်များများ အလုပ်တွေ ပြုတ်ကုန်တာ၊ အဲဒီဘက်မှာ သစ်စက်ရုံတွေက ရာနဲ့ချီရှိတယ်။ ကျနော်တို့ဆီကို တိုင်ကြားလာတာဆိုရင် စက်ရုံပေါင်း ၂၀ လောက်ရှိမယ်။  အလုပ်ပြုတ်တဲ့ အလုပ်သမားတွေလည်း ရာနဲ့ချီ ရှိမယ်လို့ ခန့်မှန်းပါတယ်၊ ကျနော်တို့ကို ဆက်သွယ်လာတဲ့အထဲက ဆိုရင် လွန်ခဲ့တဲ့ရက်ပေါင်း ၂၀ ကျော်၊ တလနီးပါးလောက်ကတည်းက အလုပ်မလုပ်ရတဲ့သူတွေပေါ့။ အလုပ်က နည်းလာတယ်။ ခါတိုင်း ၁၅ ရက် လုပ်ရတာ။ ခုဆို လေး ငါးရက်လောက်ပဲ အလုပ်ဆင်းရတယ်။ လုပ်လိုက် နားလိုက်၊ တချို့က လုံးဝကို မလုပ်ရတော့ဘူး။” အလုပ်မလုပ်ရလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေသူ လူ ၂၀ ကျော် အေအေစီဂေဟာမှာ လာရောက်ခိုလှုံနေရကြောင်း၊ မလာနိုင်တဲ့သူတွေလည်း ဘန်ကောက်ရှိ ဆရာတော် ဦးဇောတိကက စားစရာတွေ စုဆောင်းပြီး ပို့ဆောင်ပေးနေပါတယ်။ အလုပ်သမားတွေ အလုပ်အသစ် ပြန်လည်ရရှိရေး သက်ဆိုင်ရာ အလုပ်သမားအေဂျင်စီတွေနဲ့လည်း ဆက်သွယ်ပေးနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။ Photo : Ye Min
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024