Home
မြန်မာသတင်း
ရာထူးချအရေးယူခံရသည့် ဧရာဝတီတိုင်းစည်ပင်ညွန်မှူးဟောင်းက သမ္မတထံ စာတင်
သော်ဇင်မျိုး
·
May 23, 2018
  ရာထူးချအရေးယူခံထားရတဲ့  ဧရာဝတီတိုင်း စည်ပင်ညွန်မှူးဟောင်းက တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ပေးဖို့  သမ္မတထံ စာပို့ တောင်းဆိုထားတယ်လို့ ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ စည်ပင်ညွှန်မှူးဟောင်း ဦးအောင်မင်းနိုင်ဟာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းတွေ မလိုက်နာလို့ တိုင်းဒေသကြီးစည်ပင်ညွန်မှူးရာထူးကနေ ဒုညွှန်ကြားရေးမှူးအဖြစ် ဖျာပုံမြို့ကို ပြောင်းရွှေ့ ရာထူးချခံထားရတာပါ။ တိုင်းအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့မညီလို့ ပြန်လည်ပြင်ဆင်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကိုစာပို့ပြီး တောင်းဆိုထားလို့ တိုင်းအစိုးရကို သမ္မတရုံးက အကြောင်းပြန် ကြားထားတယ်လို့ ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ တိုင်းအစိုးရအနေနဲ့လည်း တိုင်းဒေသကြီးစာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်၊ ဝန်ထမ်း တွေကို ပြောင်းရွှေ့ခန့်ထားတဲ့နေရာမှာ ဝန်ကြီးချုပ်က ခွင့်ပြုပြီးဖွဲ့ပေးလိုက်တဲ့ ရှေ့ဦး စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ဥပဒေနဲ့အညီ စစ်ဆေးတွေ့ရှိချက်တွေနဲ့အညီ တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ အားလုံးရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အရ လုပ်ထုံး လုပ်နည်းနဲ့ အညီဆောင်ရွက်ထားတာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပေးပို့သွားမယ်လို့ ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ ရာထူးချခံထားရတဲ့ ဦးအောင်မင်းနိုင်အနေနဲ့ မူလရာထူးအတိုင်းပင်စင်တင်ခဲ့ပြီး လုပ်ထုံး လုပ်နည်းနဲ့မညီလို့ တိုင်းအစိုးရကလက်မခံတဲ့အတွက် လျှော့ချခံထားရတဲ့ ရာထူးအတိုင်း ပင်စင်ထပ်တင်တာမှာလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေနဲ့ပတ်သက်ပြီး အထောက်အထားမပါတဲ့အတွက် လိုတဲ့အထောက်အထားတွေကို တိုင်းအစိုးရက တောင်းထားပါတယ်။ အခုကတော့ ပင်စင်ကိစ္စမပြီးပြတ်ခင်မှာပဲ မူလရာထူးအတိုင်းပြန်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကတ္တရာဝယ်ယူတဲ့ကိစ္စမှာ တင်ဒါအဖွဲ့မှာ သက်ဆိုင်ရာအစိုးရအဖွဲ့ ဝန်ကြီးမပါပဲ သူကိုယ်တိုင်ဥက္ကဋ္ဌလုပ်ပြီး လက်အောက်ဝန်ထမ်းတွေနဲ့ တင်ဒါအဖွဲ့ဖွဲ့ပြီး တင်ဒါဝယ်ယူတာ၊ ပိုလျှံတဲ့ ဘတ်ဂျက်တွေကိုလည်း ပြန်မအပ်ဘဲ အရန်ကတ္တရာဆိုပြီးဝယ်ယူတာ၊ ဝန်ထမ်း ပြောင်းရွှေ့ခန့်ထားရာမှာလည်း အစိုးရ အဖွဲ့ကို မတင်ပြဘဲ ကိုယ်တိုင်သဘောနဲ့ ဆောင်ရွက်ခဲ့တာတွေကြောင့် ဦးအောင်မင်းနိုင်ကို  အရေးယူခဲ့တာလို့ စည်ပင်ဝန်ကြီး ကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024