ဟွန်ဒူးရပ်စ်နိုင်ငံ မြို့တော် တယ်ဂူသီဂယ်ပါ (Tegucigalpa) ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မေလ ၂၂ ရက်နေ့က လေယာဉ်တစီး ပြေးလမ်းချော်မှု ဖြစ်ခဲ့တာကြောင့် လိုက်ပါလာသူ အမေရိကန်နိုင်ငံသား ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
Gulfstream G200 လေယာဉ်ဟာ တွန်ကွန်တင်း (Toncontin) လေဆိပ်ကို ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့တာပါ။
အဲဒီလေယာဉ်ဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့ကနေ ထွက်ခွာလာတာဖြစ်တယ်လို့ သိရပါတယ်။